နှင်းဆီရနံ့ နောက်ကွယ်မှ အင်ဇိုင်းကို ဖော်ထုတ်တွေ့ရှိ

http://static.guim.co.uk/sys-images/Guardian/Pix/pictures/2012/10/26/1351241176141/A-woman-smelling-rose-flo-008.jpg

နှင်းဆီပွင့်များတွင် ရှူရှိုက်လိုက်လျှင် ကြည်နူး စိတ်ချမ်းသာမှုကို ဖြစ်စေသည့် ရနံ့အား ထုတ်လွှတ်ပေးနိုင်သည့် အဓိက ကျသော အင်ဇိုင်းတစ်မျိုးကို ပြင်သစ်နိုင်ငံ Lyon Saint-Etienne တက္ကသိုလ်မှ ဓာတုဗေဒပညာရှင် ဂျင်းလူးဝစ် မက်နာ့ ဆိုသူက ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း Live Science သတင်းတွင်ဖော်ပြထားသည်။

နှင်းဆီရနံ့ကို နှစ်ပေါင်းများစွာ ရေမွှေးနှင့် အခြားအလှကုန်များတွင်ထည့်သုံးခဲ့ကြသော်လည်း အချိန်ကြာလာလျှင် ရနံ့ပျယ် သွားတတ်ကြောင်း၊ ယခုလို အင်ဇိုင်းဇစ်မြစ်ကို ဖော်ထုတ်နိုင်သဖြင့် နှင်းဆီရနံ့ကို ရေရှည်တည်တံ့စေရန် ဖော်ထုတ်နိုင်မည်ဟု ဂျင်းလူးဝစ်က ပြောကြားသည်။

ယင်းအင်ဇိုင်းအမည်ကို RhNUDX1 ဟုအမည်ပေးထားပြီး ပွင့်ဖတ်များကြားတွင် Cytoplasm အနေဖြင့်ရှိနေပြီး နှင်းဆီရနံ့ကို ထုတ်ပေးရာတွင် အဓိကကျကြောင်း ယင်းကဆိုသည်။

Powered by Bullraider.com