တူရကီနိုင်ငံတွင် Facebook နှင့် Twitter တို့ကို ကျောင်းများတွင် မသုံးရန်တားမြစ်

http://i.ytimg.com/vi/X4VjxziVmOc/0.jpg

တူရကီအစိုးရသည် ဆိုရှယ်ကွန်ရက် Website များဖြစ်သည့် Facebook နှင့် Twitter တို့ကို အသုံးပြုကာ ပုံနှင့်စာများ တင်ခြင်းတို့ကို ကျောင်းများတွင် လုပ်ဆောင်ခြင်းမပြုရန် တားမြစ်လိုက်ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

ယင်းဆိုရှယ်ကွန်ရက်များပေါ်တွင် ပုံတင်ခြင်း၊ စာရေးပို့ခြင်းများကို ကျောင်းအတွင်း ပြုလုပ်ခြင်းကို တားမြစ်ကြောင်း၊ ကျောင်းတွင်း အချင်းချင်းအပြန်အလှန်ပို့ဆောင်မှုများကိုလည်း လုပ်ဆောင်ခွင့်မရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ကြေညာ ချက်ကို ဇူလိုင် ၁ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြောင်း ယင်းသတင်းကဆိုသည်။

လက်ရှိသမ္မတ ရီဆက် တေရစ် အာဒိုဂန်နှင့် သူ၏ အာဏာရ AKP ပါတီတို့ကလည်း ဆိုရှယ်မီဒီယာများကို အသုံးပြုခြင်းအား ပြင်းထန်စွာကန့်ကွက်ရာတွင် နာမည်ကြီးသူများဖြစ်ကြောင်း AFP တွင်ရေးသားထားသည်။

Powered by Bullraider.com