ငှက်ပျောသီးအခွံသည် ကိုယ်အလေးချိန် လျှော့ကျစေနိုင်ဟုဆို

http://www.doctorshealthpress.com/wp-content/uploads/2013/11/Marchione_071113.jpg

လူတို့သည် ငှက်ပျောသီးစားလျှင် အခွံကို လွှင့်ပစ်လိုက်ခြင်းမှာ တန်ဖိုးရှိသော အာဟာရနှင့် အကျိုးရှိသော ပစ္စည်းတစ်ခုကို လွှင့်ပစ်လိုက်သလိုဖြစ်နေကြောင်း Yahoo သတင်းတွင်ဖော်ပြထားသည်။

ငှက်ပျောခွံတွင် ဗီတာမင်အေ၊ လူတိန်း၊ ဗီတာမင် ဘီတို့အပြင် အင်တီအော့ဆီးဒင့်ဓာတ်များပါဝင်စေပြီး ယင်းဓာတ်များသည် အကြောသေခြင်း၊ လေဖြတ်ခြင်းများကို ကာကွယ်နိုင်သည့်အပြင် လူတို့၏ ကိုလက်စထရောကိုပါ လျှော့ကျစေနိုင်ကြောင်း ယင်းသတင်းကဆိုသည်။

သို့ဖြစ်ရာ နံနက်ခင်းစောစောတွင် ငှက်ပျောသီးတစ်လုံးကို အခွံမနွှာဘဲစားသင့်ကြောင်း၊ အခွံကို ဤအတိုင်းမစားနိုင်လျှင် လည်း ဟင်းချက်စားသင့်ကြောင်း အကြံပြုထားသည်။

Powered by Bullraider.com