အမေရိကန်ကျောင်းသားများ ၂၁ နှစ်ကြာမှ သင်္ချာအိုလံပစ်ပြိုင်ပွဲတွင်ဆုချိတ်

Category: မောက္ခနိုင်ငံတကာသတင်း
Published on Sunday, 26 July 2015 02:32
Written by သတင်းအဖွဲ့

https://cdn.theatlantic.com/assets/media/img/posts/2015/07/olympiad/a72bbb1ec.jpg

အမေရိကန်ကျောင်းသားများသည် ၁၉၉၄ ခုနှစ်တွင် သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ဆုချိတ်ခဲ့ပြီး ၂၁ နှစ်အကြာ ကင်းကွာခဲ့ရာမှ ၂၀၁၅ ပြိုင်ပွဲတွင်မှ ဆုချိတ်နိုင်ခဲ့ကြောင်း Business Insider သတင်းတွင်ဖော်ပြထားသည်။

နှစ်စဉ်နိုင်ငံတကာမှ အထက်တန်းဆင့် သင်္ချာချွန်ပြိုင်ပွဲသို့ နိုင်ငံပေါင်းရာချီပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာတွင် အမေရိကန် အသင်းသည် အခက်ခဲဆုံး ဉာဏ်စမ်းပြိုင်ပွဲကို ကျော်လွှားနိုင်ခဲ့ပြီး ဆုရရှိခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ပါမောက္ခ ပိုရှန်လိုက ပြောကြားသည်။

အမေရိကန်သမ္မတကိုယ်တိုင်က နိုင်ငံသားများအပေါ် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာထူးချွန်သူများဖြစ်စေရန် တွန်းအားပေးနေချိန်တွင် ယခုကဲ့သို့ သင်္ချာချွန်များပေါ်ထွက်လာခြင်း ကျေနပ်အားရမိကြောင်း ယင်းသတင်းကဆိုသည်။

Powered by Bullraider.com