ဇွန်လသည် ကမ္ဘာ့အပူဆုံးလဖြစ်ခဲ့ပြီး ၂၀၁၅ တွင် အပူဆုံးနှစ်အဖြစ်စံချိန်တင်

http://i.huffpost.com/gen/2990558/images/n-HEAT-WAVE-large570.jpg

ဂျပန်မိုးလေဝသပညာရှင်များ၊ အမေရိကန် NOAA အဖွဲ့နှင့် NASA အဖွဲ့တို့၏ ထုတ်ပြန်ချက်အရ ဇွန်လသည် အပူဆုံးလ တစ်လဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်သည် အပူဆုံးနှစ်တစ်နှစ်အဖြစ် စံချိန်တင်ခဲ့ကြောင်း The Verge သတင်းတွင်ဖော်ပြထားသည်။

၂၀ ရာစုတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက ယခုနှစ်ဇွန်လသည် ပျမ်းမျှအပူချိန် ၂ ဒသမ ၂၇ ဒီဂရီ ဖာရင်ဟိုက်အထိ မြင့်တက်သွားခဲ့ ကြောင်း ယင်းသတင်းကဆိုသည်။

အပူပိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်း အယ်လ်နီနိုဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေခြင်းကလည်း အပူရှိန်မြင့်တက်နေမှုကို အထောက်အကူပြုနေကြောင်း၊ သို့သော် လူတို့သည် အပူရှိန်မြင့်တက်လာမှု၏ အကျိုးဆက်များကို သတိမပြုမိသေးကြောင်း NOAA အဖွဲ့မှအကြီးအကဲဖြစ်သူ ဒိတ်အန့်ကပြောကြားသည်။

Powered by Bullraider.com