လျှို့ဝှက်ချက်များကို အွန်လိုင်းကတစ်ဆင့် Share လုပ်ခြင်း မပြုရန်သတိပေး

http://forums.verizon.com/t5/image/serverpage/image-id/1335i491C9EF97FC77F84/image-size/medium?v=mpbl-1&px=-1

နယူးယော့ခ်၊ ဇူလိုင် ၂၁

၂၁ ရာစုတွင် အွန်လိုင်းနှင့် အင်တာနက်ကို ယုံကြည်ကိုစားပြီး အရေးကြီးသည့် အချက်အလက်များကို Share လုပ်နေခြင်း သည် ရူးသွပ်မှုတစ်ခုသာဖြစ်ကြောင်းကို အွန်လိုင်းတွင် လျှို့ဝှက်ချက်များကိုမပြောပါနှင့်၊ ခိုးကြည့်ခံရပါလိမ့်မည်ဟု CNN.com တွင် သတိပေးထားသည်။

မကြာသေးမီက အိမ်တွင်းရေးဆွေးနွေးချက်များ အစီအစဉ်ကို ဆောင်ရွက်ပေးနေသည့် လူပေါင်း ၃၇ သန်းအသုံးပြုနေသော နာမည်ကျော် Ashley Madison ၏ Website အတွင်းမှ ဆက်သွယ်ပြောကြားမှုပေါင်းများစွာကို ဟက်ကာ တစ်ယောက်က ခိုးယူပြီး ဖော်ထုတ်လိုက်မည် ဆိုသည့်ခြိမ်းခြောက်မှုများ ပေါ်ထွက်ခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

Website များသည် မိမိတို့ လုံခြုံမှုမည်မျှရှိသည်ဟုဆိုစေ မလုံခြုံကြောင်း၊ Website တိုင်း ဟက်ကာတို့၏ ဖောက်ထွင်း နိုင်သည့် အနေအထားတွင်ရှိနေကြောင်း CNN ကပြောကြားသည်။

မကြာသေးမီက အမေရိကန်အစိုးရသည်ပင် ပြည်သူများ၏ သန်းနှင့်ချီသော ဒေတာများ ဖောက်ထွင်းအခိုးခံလိုက်ရကြောင်း၊ Adult FriendFinder ဆိုသည့် Website ကလည်း လူပေါင်း ၃ ဒသမ ၅ သန်းကျော်၏ လိင်မှုဆိုင်ရာ လျှို့ဝှက်ချက် များ အခိုးခံရသောကြောင့် အရှက်ကွဲကြရကြောင်း၊ မည်သည့် လုံခြုံသည်ဆိုသော Website မှ မလုံခြုံကြောင်း CNN က သတိပေးပြောကြားသည်။

အင်တာနက်ဆိုသည်မှာ ဘယ်သောအခါကမှ မလုံခြုံကြောင်း၊ စတင်ထူထောင်ကတည်းက လုံခြုံမှုရှိသည်ဟု မည်မျှဆိုစေ အထိန်းအကွပ်တစ်ခုအောက်တွင် အားလုံးရောက်နေကြရသည်ဖြစ်သောကြောင့် မလုံခြုံကြောင်း၊ လုံခြုံသည်ဆိုသော သံချပ်ကာကားဖြင့် ခရီးသွားသည်ဆိုစေ လမ်းပေါ်တွင် မိုင်းအပြည့်ထောင်ထားသဖြင့် မလုံခြုံကြောင်း CNN သတင်းတွင် ရေး သားထားသည်။

Powered by Bullraider.com