သေနတ်ဖြင့်ပစ်ခတ်နိုင်သော မောင်းသူမဲ့ဒရုန်းယာဉ်တီထွင်မှုကြောင့် လူငယ်တစ်ဦးကိုစစ်ဆေး

http://cdn.sandiegouniontrib.com/img/photos/2015/07/21/flyinggun_r900x493.jpg?122770e84b36f1c039d5c4c2ca15c2d8bc4ecd52

အမေရိကန်ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့သည် အွန်လိုင်းပေါ်တွင် တက်လာသည့် ဗီဒီယိုပြကွက်တစ်ခု၌ မောင်းသူမဲ့ ဒရုန်းယာဉ်တွင် အိမ်လုပ်သေနတ်တစ်လက်ကို တပ်ဆင်ပြီး ပစ်ခတ်နေပုံကို ပြသထားသောကြောင့် ယင်းသို့ လုပ်ဆောင်နေသည့် ကွန်နက်တီးကပ်ပြည်နယ်မှ လူငယ်တစ်ဦးကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း AFP သတင်းတွင် ဖော်ပြ ထားသည်။

၁၄ စက္ကန့်ကြာချိန်ရှိသော ယင်းဗီဒီယိုပြကွက်ကို သေနတ်ပျံဟု အမည်ပေးထားပြီး မည်သည့်ပစ်မှတ်မှန်းမသိသည့် နေရာသို့ လေးချက်တိတိပစ်ခတ်သည်ကို ဖော်ပြထားကြောင်း ယင်းသတင်းကဆိုသည်။

ယင်းဗီဒီယိုပြကွက်သည် YouTube တွင် ဇူလိုင် ၁၀ ရက်နေ့ကတက်လာခြင်းဖြစ်ပြီး ကြည့်ရှုသူပေါင်း နှစ်သန်းကျော်ကာ၊ ယင်းဗီဒီယိုကို တင်ထားသူမှာ အသက် ၁၈ နှစ်အရွယ် အော်စတင် ဟျုဝို့ဆိုသူဖြစ်ကြောင်း AFP သတင်းတွင်ရေးသားထား သည်။

Powered by Bullraider.com