ဟက်ကာများကြောင့် လူပေါင်း ၃၇ သန်း အရှက်ရမည်ကို စိုးရိမ်နေရ

http://www.ibamag.com/files/image/Insurance%20Business/ashleymadison.jpg

အိမ်ထောင်ရေးကိစ္စများနှင့် တိုးတိုးကိစ္စများဆွေးနွေးအဖြေရှာရာတွင် နာမည်ကျော်သည့် Ashley Madison ဆိုသည့် Website ကြီးကို The Impact Team ဆိုသည့် ဟက်ကာအဖွဲ့က ဖောက်ထွင်းပြီးနောက် လျှို့ဝှက်ချက်များကို ဖော်ထုတ် လိုက်မည်ဟု ခြိမ်းခြောက်နေသဖြင့် သုံးစွဲနေသူပေါင်း ၃၇ သန်းခန့် စိတ်အနှောက်အယှက်ဖြစ်နေရကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

ယင်းဟက်ကာအဖွဲ့က ပုံများ၊ စာများကိုပါ ဖော်ထုတ်မည်ဟု ခြိမ်းခြောက်နေသဖြင့် အိမ်ထောင်ရှင်ပေါင်းများစွာ အရှက်ကွဲမည် ကိုစိုးရိမ်နေရပြီး အိန္ဒိယနိုင်ငံမှ လူပေါင်း နှစ်သိန်းကျော်အတွက်ပါ စိုးရိမ်နေရကြောင်း Time of India သတင်းတွင်လည်း ရေးသားထားသည်။

ဟက်ကာအဖွဲ့က မိမိတို့လက်ထဲတွင် နာမည်ကျော်တို့၏ လျှို့ဝှက်ချက်ပေါင်း လေးသန်းကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ထုတ် ပြန်ထားသည်ဟု ယင်းသတင်းကဆိုသည်။

Powered by Bullraider.com