မောင်းနေသောကားကို အဝေးမှထိန်းချုပ်နိုင်ကြောင်း ကျွမ်းကျင်ဟက်ကာများလက်တွေ့ပြသ

http://i.dailymail.co.uk/i/pix/2015/07/21/19/2ABAE03200000578-3169724-image-a-15_1437504891055.jpg

အမေရိကန်ပြည်ထောင်စုမှ စစ်ပြန် နည်းပညာရှင်နှစ်ဦးသည် အင်တာနက်ကို အသုံးပြုပြီး မောင်းနေသော ကားတစ်စီး၏ အင်ဂျင်ကို ရပ်တန့်သွားစေရုံမက၊ ကားကို ထိန်းချုပ်မောင်းနှင်နိုင်ခြင်းကိုပါ လက်တွေ့ပြသနိုင်ခဲ့ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

ယခင် အမျိုးသားလုံခြုံရေးအေဂျင်စီမှ ဟက်ကာများဖြစ်ကြသော ချာလီမေးလားနှင့် IOActive မှ သုတေသီ ခရစ် ဗာလာဆက်တို့သည် မောင်းနေသည့်ကားတစ်စင်းကို Telematics စနစ်ကို အသုံးပြုပြီး ကားအတွင်းရှိ ဘရိတ်စနစ်ကို ထိန်းချုပ်ပြနိုင်ခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

မိမိတို့ကိုင်ဆောင်ထားသည့် စမတ်ဖုန်းများ တက်ဘလက်များကတစ်ဆင့် အချိန်မရွေး ဖောက်ထွင်းထိန်းချုပ်နိုင်သဖြင့် အမြဲအဆင့်မြှင့်ခြင်းကို လုပ်ဆောင်နေသင့်ကြောင်း ယင်းတို့က သတိပေးထားသည်။

Powered by Bullraider.com