ဂြိုဟ်သားများကိုရှာဖွေရန် ဒေါ်လာ သန်း ၁၀၀ စတီဖင်ဟော့ကင်းအသုံးပြုမည်

http://assets.inhabitat.com/wp-content/blogs.dir/1/files/2015/07/Stephen-Hawking-alien-life-project-537x402.jpg

ထင်ရှားသည့် ဗြိတိသျှရူပဗေဒပညာရှင် ပါမောက္ခ စတီဖင် ဟော့ကင်းဦးဆောင်သည့်အဖွဲ့သည် ဂြိုဟ်သားများကို ရှာဖွေရန် အတွက် ဒေါ်လာ သန်း ၁၀၀ မတည်ထားသော ပရောဂျက်တစ်ခုကို စတင်ဆောင်ရွက်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဘီလီယံကြွယ်သူဌေးကြီးများနှင့် ဆီလီကွန်တောင်ကြားမှ နည်းပညာရင်းနှီးမြှုပ်နှံသူများ၊ ရူပဗေဒပညာရှင် ယူရီမိုင်းနားတို့ ထူထောင်ထားသည့် Breakthrough Initiatives ဆိုသည့် ပရိုဂရမ်ဖြင့် လန်ဒန်တော်ဝင်အဖွဲ့နှင့် စတီဖင်ဟော့ကင်းတို့ ဦးစီးကာ ဂြိုဟ်သားရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ကမ္ဘာပေါ်တွင် ဂြိုဟ်သားများရောက်နေသည်ဟု မိမိစိတ်က စေ့ဆော်လျက်ရှိကြောင်း၊ အလားတူ အဆုံးမဲ့ စကြဝဠာကြီး ထဲတွင်လည်း သက်ရှိများဖြစ်တည်လျက်ရှိသည်ဟု ယူဆကြောင်း စတီဖင်ဟော့ကင်းကပြောကြားသည်။

Powered by Bullraider.com