အိတ်ဆောင်လေစွမ်းအင်ရဟတ်ဖြင့် ဖုန်းများကို အားပြန်သွင်းနိုင်မည်

http://i.dailymail.co.uk/i/pix/2015/07/22/09/2ABA09DD00000578-0-Renewable_A_graduate_from_West_Virginia_has_designed_a_portable_-a-13_1437555432665.jpg

ဝါရှင်တန်၊ ဇူလိုင် ၂၃

သွားလာရင်းမှ ဖုန်းအားကုန်သွားသောကြောင့် အခက်တွေ့နေသူများအတွက် လေစွမ်းအင်ရဟတ်ဖြင့် ဖုန်းကို အားပြန်သွင်း နိုင်မည့်စနစ်တစ်ခုကို ဗာဂျီးနီးယားအနောက်ပိုင်းတက္ကသိုလ် ဘွဲ့ရကျောင်းသားတစ်ဦးကတီထွင်ခဲ့ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

လေရဟတ်တစ်ခုလုံးကို ခေါက်သိမ်းနိုင်ပြီး ကျောပိုးအိတ်ထဲထည့်သွားနိုင်သည့် Wisp ဟုခေါ်သော လေစွမ်းအင်စက်လေး သည် ၁၄ လက်မခန့်သာရှိပြီး၊ စုစုပေါင်းအလေးချိန် ၄ ပေါင်ရှိကာ ၆ ပေအမြင့်တိုင်ထောင်ပြီး လေအနည်းငယ် ရရုံမျှဖြင့် တာဘိုင်စက်က အလုပ်လုပ်နိုင်စေရန် တီထွင်ထားကြောင်း ယင်းသတင်းကဆိုသည်။

တက္ကသိုလ်ကျောင်းသား ဂျပ်စတင် ချိန်ဘာဆိုသူသည် ယမန်နှစ်ကတည်းက ယင်းလေစွမ်းအင် အားသွင်းစက်ကို တီထွင် နေခဲ့ ခြင်းဖြစ်ပြီး Kickstarter ကုမ္ပဏီက ငွေများစိုက်ထုတ်ပေးခဲ့သည်။

Wisp လေရဟတ်နှင့်တွဲကာ လျှပ်စစ်ဓာတ်အားကိုစုဆောင်းပေးထားနိုင်သည့် ဘက်ထရီအသေးတစ်လုံးပါပြီး အရေးပေါ် အခြေအနေများတွင် အလွယ်တကူ လျှပ်စစ်ဓာတ်အားကို ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

ဘက်ထရီသည် လျှပ်စစ်ဓာတ်အား ၀ပ် ၁၀၀ အထိသိမ်းဆည်းပေးနိုင်ပြီး 12 Volt ကိုပြန်ထုတ်ပေးနိုင်ကာ၊ USB ကြိုးဖြင့် ချိတ်ဆက်အသုံးပြုနိုင်စေရန် တီထွင်ထားသည်။

ယခုအခါ Cyclone ဟုခေါ်သည် ဝပ် ၄၀၀ အထိအားသွင်းနိုင်သော လေအားစက်ကိုပါ တီထွင်ထားပြီး မီးမရနိုင်သေးသည့် ကျေးလက်များတွင် တစ်နိုင်တစ်ပိုင် အသုံးပြုနိုင်စေရန် ရည်ရွယ်ထုတ်လုပ်မည်ဖြစ်ကြောင်း၊ စွမ်းအားမြင့် လေအား တာဘိုင်စက်ကို WindPax ဟုအမည်ပေးထားကြောင်း Reuters သတင်းတွင်ရေးသားထားသည်။

Powered by Bullraider.com