အီရန်တွင် ဆရာများဆန္ဒပြ ၂၀၀ ကျော် အဖမ်းခံရ

Category: မောက္ခနိုင်ငံတကာသတင်း
Published on Sunday, 02 August 2015 02:14
Written by သတင်းအဖွဲ့

http://www.teachersolidarity.com/sites/teachersolidarity/files/field/image/Iranian-teachers-protest.jpg

အီရန်နိုင်ငံ တီယီရန်မြို့ရှိ ပါလီမန်တစ်ခု၏ ပြင်ပတွင် ယမန်နေ့က ဆန္ဒပြမှုပြုလုပ်နေစဉ်အတွင်း ဆရာ ၂၀၀ ကျော် အဖမ်းခံခဲ့ရကြောင်း၊ ထိုဆရာများသည် ထောင်ကျနေသော ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်ကို လွှတ်ပေးရန် တောင်းဆိုဆန္ဒပြခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများအဖွဲ့တစ်ဖွဲ့က ပြောသည်။

“ဖမ်းဆီးထားသူတွေကို လွှတ်ဟူသော ဆောင်ပုဒ်နှင့် လက်ကိုင်ပိုစတာများကို ကိုင်ဆောင်ထားသော ဆရာပေါင်း ၂၀၀၀ ကျော်တို့သည် အီရန်ပါလီမန်ပြင်ပတွင် စုဝေးဆန္ဒပြခဲ့ပြီးနောက် အာဏာပိုင်များက ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း ပဲရစ်အခြေစိုက် အီရန်ခုခံကာကွယ်ရေး အမျိုးသားကောင်စီ (NCRI) ကပြော သည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲများသည် မော်တော်ဆိုင်ကယ်များစီးကာ ဆန္ဒပြရာနေရာသို့ ရောက်ရှိလာခဲ့ ကြကြောင်း ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရားသူများအဖွဲ့က ပြောသည်။

“အဓိကရုဏ်းနှိမ်နင်းရေးရဲများက ဆန္ဒပြနေသောဆရာများကို လူစုခွဲဖို့တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးလိုလားတဲ့ ဆရာတွေကသူတို့တွေကို ပြန်ခုခံတိုက်ခိုက်ပြီး ပြန်လည်စုဝေးဆန္ဒပြခဲ့တယ်” ဟု အီရန်ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ထုတ်ပြန်သော ထုတ်ပြန်ချက်တစ်ခု တွင်ပါရှိသည်။

ဆန္ဒပြသူများသည် ဆရာများအခွင့်အရေးအတွက် ကြိုးပမ်းမှုကြောင့် ထောင်ကျနေသော ဆရာများ သမဂ္ဂခေါင်းဆောင် အက်မီလ်အဘ်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ NCRI သည် အမေရိကန်နှင့် အီးယူတို့ကအကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထား သော အီရန်ပြည်သူ့မိုဂျာဟီဒင်အဖွဲ့အပါအဝင် အီရန်အတိုက်အခံအဖွဲ့တို့ပါဝင်သော ညွှန့်ပေါင်းအဖွဲ့ တစ်ဖွဲ့ဖြစ်သည်။ ထိုဆန္ဒြုပမှုနှင့် ပတ်သက်၍အီရန်အာဏာပိုင်များထံမှ မည်သည့်မှတ်ချက်မှ မရခဲ့ပေ။

Ref;AFP

Democracy Today Daily

ဇူလိုင်လ (၂၄) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com