ငှက်ဖျားရှိ၊ မရှိ ဈေးအသက်ဆုံးစစ်ဆေးပေနိုင်မည့် စက္ကူကတ်တီထွင်

Category: မောက္ခနိုင်ငံတကာသတင်း
Published on Monday, 03 August 2015 01:39
Written by သတင်းအဖွဲ့

http://www.cbc.ca/polopoly_fs/1.2571701.1394740109!/fileImage/httpImage/image.jpg_gen/derivatives/16x9_620/foldscope-paper-microscope.jpg

ငှက်ဖျားရောဂါ ကူးစက်နေခြင်း ရှိ၊ မရှိကို အလွယ်ကူဆုံး စစ်ဆေးပေးနိုင်မည့် စက္ကူကတ်ပြားချပ်ကို စတန်းဖို့ဒ် တက္ကသိုလ်မှ ဇီဝအင်ဂျင်နီယာ မာနူး ပါကက်ရှ်ဆိုသူက တီထွင်နိုင်ခဲ့ကြောင်း New York Times သတင်းတွင်ဖော်ပြထားသည်။

ငှက်ဖျားပိုးစစ်ဆေးခြင်းတွင် အဏုကြည့်မှန်ဘီလူးများဖြင့် စစ်ဆေးခြင်းကို ရှုပ်ထွေးစွာ လုပ်ဆောင်ကြရရာမှ လူနာ၏ သွေးကို ဖောက်ထုတ်ပြီး စက္ကူကတ်ပြားပေါ်သို့ အစက်ချကာ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်သွားရုံဖြင့် အဖြေ သိနိုင်တော့မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ယင်းစက္ကူကတ်နှင့်တွဲပါလာသည့် မှန်ဘီလူးကို အကြိမ်ပေါင်း ၂၁၀၀ ခန့်ပြန်သုံးနိုင်ပြီး၊ သွေးတစ်ကြိမ်စစ်ဆေးလျှင် ဆင့် ၅၀ ခန့်သာကျမည်ဖြစ်ကြောင်း၊ စက္ကူတစ်ကတ်ကို တစ်ဒေါ်လာဖြင့်ဝယ်ကာ စစ်ဆေးနိုင်ကြောင်း ပါကက်ရှ်ကပြောကြားသည်။

Powered by Bullraider.com