ဂျပန်နိုင်ငံတွင် ပန်းကန်ပြားပျံအသွင် မီးလုံးပေါင်းဆယ်ခု ကောင်းကင်တွင်ပေါ်ထွက်

Category: မောက္ခနိုင်ငံတကာသတင်း
Published on Monday, 03 August 2015 01:44
Written by သတင်းအဖွဲ့

https://supertipshd.files.wordpress.com/2015/07/ufo-japan.png?w=900&h=300&crop=1

အိုဆာကာ၊ ဇူလိုင် ၃၀

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ ကောင်းကင်ပေါ်တွင် ပန်းကန်ပြားပျံကဲ့သို့သော မီးလုံးအစက်အပြောက်ပေါင်း ဆယ်ခုသည် နိမ့်လိုက် မြင့်လိုက် ဝဲပျံနေပုံကို ပြည်သူပေါင်း နှစ်သိန်းနီးပါးခန့် စောင့်ကြည့်တွေ့ရှိခဲ့ရကြောင်း AFP သတင်းတွင်ဖော်ပြ ထားသည်။

နေ့ခင်းကြောင်တောင်အချိန်တွင် မီးအလင်းရောင် ဆယ်ခုကောင်းကင်တွင် ထင်ရှားစွာ ပေါ်ထွက်နေခြင်းကို ဗီဒီယိုမှတ်တမ်း များ ရိုက်ကူးနိုင်ခဲ့ကြောင်း၊ ဂျပန် ရုပ်သံလိုင်းများကလည်း တိုက်ရိုက်ပြသရာတွင် လူပေါင်း ၁၈၀,၀၀၀ခန့် စောင့်ကြည့်ခဲ့ ကြောင်း ယင်းသတင်းကဆိုသည်။

ပန်းကန်ပြားပျံဟု ယူဆရသည့် အစက်အပြောက်များသည် ကောင်းကင်ပေါ်တွင် အလျှင်အမြန်ရွေ့လျား ဝဲပျံနေခြင်းဖြစ် ကြောင်း၊ လွန်ခဲ့သည့် ဇွန်လကလည်း လန်ဒန် ဟိုက်ပါ့ခ် ပန်းခြံပေါ်တွင် အလားတူ မီးလင်းနေသည့် အစက်များကို တွေ့ခဲ့ ရသေးကြောင်း AFP သတင်းတွင်ရေးသားထားသည်။

အိုဆာကာမြို့ပေါ်တွင် တွေ့မြင်ရသော အလင်းအစက်ပြောက်များကို ကင်မရာပေါင်း ၉၀ ကျော်ဖြင့် ဝိုင်းဝန်းမှတ်တမ်းတင်ကာ ဆိုရှယ်မီဒီယာများပေါ်တွင် တင်လိုက်သောကြောင့် ပိုပြီးစိတ်ဝင်စားစရာဖြစ်ခဲ့ကြောင်း၊ ပညာရှင်များကလည်း ယင်း အစက် များသည် UFO (Unidentified Flying Object) များဖြစ်ကြောင်း အခိုင်အမာ သတင်းထုတ်ပြန်သည်။

မီးအလင်းရောင်များသည် အလုံးများဖြစ်နေပြီး ယခင်တွေ့မြင်ခဲ့ရသည့် ပန်းကန်ပြားပျံများပုံစံမဟုတ်ကြောင်း၊ အလွန်နှေး သောအသွင်ဖြင့် ရွေ့လျားနေကြောင်း၊ ယခင် UFO များနှင့် ကွဲပြားကြောင်း ပညာရှင်များကပြောကြားသည်။

Powered by Bullraider.com