ဖဲချပ် အသားမီးခြစ် မျက်လှည့်ကစားစရာကို ရောင်းချနေ

မန္တလေးရှိ မူလတန်းကျောင်းများအနီးတွင် ပြည်တွင်းထုတ် အသားမီးခြစ်ပေါ်၌ ဖဲချပ်ကပ်၍ ဖဲချပ်မှ မီးခြစ်သို့ ပြောင်းလဲနည်းဟုဆိုကာ မျက်လှည့် ပြသည့် ပစ္စည်းအဖြစ် ပြုလုပ်ပြီး တစ်ခုလျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချနေသောကြောင့် ကလေးငယ်များကလည်း အထူးအဆန်းထင်ကာ ၀ယ်ယူမှု များပြားလျက်ရှိသည်။

ဆော့စရာ အဖြစ်ဖြင့် မီးနှင့် ဖဲချပ် ဆော့ကစားနေကြသဖြင့် မီးအန္တရာယ်အပြင် လောင်းကစား ပြုလုပ်သည့် ဖဲချပ်နှင့်ပါ ရင်းနှီး ကျွမ်းဝင်မှု ဖြစ်စေပါသည်။

"လူကြီးမိဘတွေ အိပ်နေချိန်မှာ မျက်လှည့်ပြသမှု ကျွမ်းကျင်အောင် ထလေ့ကျင့် နေရင်တော့ အခက်ပဲဗျာ အခုခေတ်က အိမ်တိုင်းမှာ ဓာတ်ဆီရှိနေတော့ လောင်စာကလည်း အဆင်သင့်" ဟု ကျောင်းမှ အပြန်အဆိုပါ မီးခြစ်မျက်လှည့်အား ၀ယ်ယူသယ်ဆောင်လာသည့် မန္တလေးမြို့တော် စည်ပင်သာယာရုံး အနီးရှိ အ.မ.က(၇)ကျောင်းနေ ကျောင်းသား၏ မိဘတစ်ဦးမှပြောပါသည်။






လမ်းပြကြယ် ၀ဘ်ဆိုက်မှ...

Powered by Bullraider.com