တက္ကသိုလ်စာသင်နှစ် တစ်နှစ်ထပ်တိုး၊ ၀င်ခွင့် ရမှတ် တိုးမြှင့်

တက္ကသိုလ်အဆင့် စာသင်နှစ်များ မူလကထက် တစ်နှစ်စီထပ်တိုးထား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့တွင် လက်ခံနိုင်မည့် ကျောင်းသားဦးရေ လျှော့ချထားကာ ၀င်ခွင့်လျှောက်ထားနိုင်ခွင့် ရှိသည့် အနိမ့်ဆုံးရမှတ်များကိုလည်း တိုးမြှင့်သတ်မှတ်ထား
SUNDAY, 29 JULY
7433a
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)

7433
ဒဂုံတက္ကသိုလ် ကျောင်းသားရေးရာဌာန၌ ကျောင်းအပ်နှံနေသူများအား တွေ့ရစဉ်

အဆင့်မြင့် ကဏ္ဍတက္ကသိုလ် အဆင့်တွင် ယခုပညာသင်နှစ်မှ စတင်ကာ စာသင်နှစ်များကို မူလကထက် တစ်နှစ်စီ ထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၌ လက်ခံနိုင်မည့် ကျောင်းသား အရေအတွက်ကိုလည်း ယခင်နှစ်ကထက် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

အလားတူ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့် နည်းပညာ တက္ကသိုလ်များ၊ အစိုးရနည်း ပညာကောလိပ်များနှင့် အစိုးရစက်မှု လက်မှုသိပ္ပံများ၊ နည်းပညာတက္ကသိုလ်များ၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာ တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်များ စသည့် တက္ကသိုလ်များတွင် ယခင်နှစ်ကထက် ကျောင်းသား ဦးရေလျှော့ချ ခေါ်ယူထားခြင်းနှင့် ၀င်ခွင့် လျှောက်ထားနိုင်သည့် အနိမ့်ဆုံး ရမှတ်များကို ယခင်နှစ်ကထက် တိုးမြှင့်ထားသည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီး တို့ရှိ ဆေးတက္ကသိုလ် များတွင်လည်း ၀င်ခွင့်လက်ခံမည့် ဦးရေကို ထက်ဝက်ခန့် လျှော့ချထားသည်ကိုလည်း တွေ့ရှိရပါသည်။

“၀င်ခွင့်အမှတ်တွေကို တိုးပြီး ကျောင်းသားဦးရေကို လျှော့ခေါ်လိုက်တာက ထိရောက်တဲ့ သင်ကြား မှုနဲ့ ကျောင်းသားတွေရဲ့ အရည်အသွေးပိုင်းဆိုင်ရာကို မြှင့်တင်တဲ့သဘောပါ။ အရည်အသွေးပိုင်း ဆိုင်ရာကို မြှင့်တင်သွားမှာဖြစ်တဲ့ အတွက်  လျှောက်ထားတဲ့ရမှတ်နဲ့ လျှောက်တဲ့ အရေအတွက်ပေါ်မူ တည်ပြီး အမှတ်အများဆုံးကနေစ ပြီး သတ်မှတ်ဦးရေအထိ စိစစ်ရွေးချယ်သွားမှာ ဖြစ်ပါတယ်”ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့် ပညာဦးစီးဌာန-အောက် မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦး ကပြောပြခဲ့ပါသည်။

“၀င်ခွင့်အမှတ် သတ်မှတ်ချက် မပေးထားတဲ့ တက္ကသိုလ်တွေဆိုရင်လည်း ဘယ်တက္ကသိုလ်မဆို မိမိဝါသနာနဲ့ ကိုက်ညီမယ်ဆိုရင် လျှောက်ပါ။ အမှတ်အမြင့်ဆုံး ကနေစပြီး သတ်မှတ်ဦးရေ ပြည့်သည်အထိ စီပြီးသွင်းသွားမှာဆိုတော့ အခွင့်အရေးက လျှောက်တဲ့ ကျောင်းသားဘက်မှာလည်း ရှိနေပါတယ်”ဟု ၎င်းကဆက်လက်ပြော ပြခဲ့ပါသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ကျောင်းသားအချို့မှာ မိမိအမှန်တကယ် ၀ါသနာပါသည့် ဘာသာရပ်သင်ယူနိုင်ရန် ရွေးချယ် လျှောက်ထားခြင်းမျိုးထက် မိမိရမှတ် နှင့် ချိန်ဆကာ အမှတ်အများဆုံးကို စီ၍ အစဉ်လိုက် လျှောက်ထားကြ သည့်အတွက် ၀ါသနာနှင့် အသက်မွေးဝမ်းကျောင်း ကိုက်ညီမှုမရှိသည့် ဖြစ်ရပ်များကြောင့် အချို့မှာ ကျောင်းပြီးဆုံးသည်အထိ ပညာ ဆက်လက် သင်ကြားနိုင်မှုမရှိသည့် ဖြစ်ရပ်များကိုလည်း သာဓကတစ်ခုအဖြစ် တက္ကသိုလ်ရွေးချယ် လျှောက်ထားမည့်သူများ သတိပြုရမည် ဖြစ်ကြောင်း အငြိမ်းစားပါမောက္ခချုပ် တစ်ဦးက ပြောကြားသည်။

၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသားကျောင်းသူ ပေါင်း ၁၆၀၇၇၈ ဦးဖြေဆို အောင်မြင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၌ဖြေဆို အောင်မြင်သူ ၁၆၅၀၀၀ ဦး ရှိသော်လည်း တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူ ၁၆၀၀၀၀ ဦး သာရှိခဲ့ကြောင်း သိရသည်။

ဝင်ခွင့်အမှတ်များ တိုးမြှင့်ထားပြီး လက်ခံဦးရေ လျှော့ချထားသည့် တက္ကသိုလ်ကျောင်းများ စာရင်း

တက္ကသိုလ် ၀င်ခွင့်လျှောက်ထားနိုင်သည့် ရမှတ်စာရင်း လက်ခံဦးရေ
၂၀၁၁ ၂၀၁၂ ၂၀၁၁ ၂၀၁၂
ဆေး         - - ၂၄၀၀ ၁၂၀၀
နည်းပညာ တက္ကသိုလ်များ/ အစိုးရနည်းပညာ ကောလိပ်များ နှင့်စက်မှုလက်မှုသိပ္ပံများ ၃၂၀ နှင့်အထက်       ၃၆၀ နှင့်အထက် ၂၉၂၅၀ ၁၆၀၀၀
မြန်မာနိုင်ငံရေကြောင်းပညာ   ၄၀၀ နှင့်အထက် ၄၅၀ နှင့်အထက် - -
မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ       ၃၇၀ နှင့်အထက် ၄၂၀ နှင့်အထက် - -
နည်းပညာ(ရတနာပုံဆိုက်ဘာစီးတီး) ၃၅၀ နှင့်အထက် ၄၂၀ အထက် ၁၀၀၀ ၅၀၀
စီးပွားရေး (ဘောဂဗေဒဘာသာရပ် အပါ)       ၃၀၀ နှင့်အထက် ၃၅၀ နှင့်အထက် - -
စီးပွားရေး (ဘောဂဗေဒဘာသာရပ် မပါ)              ၃၂၀ နှင့်အထက် ၃၅၀ နှင့်အထက် - -
  
Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238