မြိတ်မြို့ အထက(၁)၌ တက္ကသိုလ်ဝင်တန်း လပတ်စာမေးပွဲအဖြေလွှာများ မီးလောင်

No automatic alt text available.

မြိတ် ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အထက(၁)ကျောင်း ကုမုဒြာကျောင်း ဆောင် ဆရာမများ နားနေဆောင် အတွင်း၌ ဒီဇင်ဘာ ၂၆ ရက် နံနက် ၃ နာရီ မိနစ် ၄ဝ ခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုအား တာဝန်သိ ပြည်သူ တစ်ဦးက လာရောက်သတင်းပေးသဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ မြို့နယ်မီးသတ်စခန်းနှင့် အရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ် စုစုပေါင်းခြောက်စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ရာ ၄ နာရီ ၄၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆရာမများ နားနေဆောင်အတွင်းရှိ သစ်သားဗီရို အဟောင်းတစ်လုံး၊ တက္ကသိုလ်ဝင်တန်း ဒီဇင်ဘာလ လပတ်စာမေးပွဲအဖြေလွှာ စက္ကူ ၁၅ ထုပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှု အကြောင်းအရင်းကို တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ မီးလောင်မှုဖြစ်ပွားချိန်တွင် မီးပျက် နေခြင်း၊ ဗီရိုမှာ နေ့စဉ်အသုံးပြုနေခြင်း ကြောင့် ဝိုင်ယာရှော့နှင့် အပူလွန်ကဲ ခြင်းမဖြစ်နိုင်ကြောင်း၊ မီးလောင်သည့် အခန်းပြတင်းပေါက်ပွင့်နေပြီး လေဝင် ပေါက်သို့တက်သည့် ခြေရာလက်ရာများ တွေ့ရှိရသဖြင့် ရှို့မီးအဖြစ် ယူဆခဲ့ကြ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိ သူများက ကျောင်းစောင့် ဦးသန်းဇော် ဦးကို မသင်္ကာသဖြင့် မြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ယင်းနေ့ နံနက် ၂ နာရီခန့်က ဖယောင်းတိုင်မီးဖြင့် စာရွက် စာတမ်းထည့်ထားသည့် ဗီရိုအဟောင်း အား ဝင်ရောက်မီးရှို့ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ¤င်းအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းက ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

MOI Webportal Myanmar (27.12.2016)

 

Powered by Bullraider.com