ပညာရေးကောလိပ်များကို ဒီဂရီကောလိပ်အဆင့်သို့ တိုးမြှင့်လိုက်ခြင်းကြောင့် မူလတန်းပြနှင့် အလယ်တန်းပြများကို တစ်ပြိုင်နက်တည်း မွေးထုတ်နိုင်တော့ မည်ဟုဆို

Image may contain: outdoor and text

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ပညာရေး ကောလိပ်များကို ဒီဂရီကောလိပ်များ အဆင့်သို့ တိုးမြှင့်လိုက်ပြီဖြစ်သည့် အတွက် မူလတန်းပြနှင့် အလယ် တန်းပြများကို တစ် ပြိုင်နက်
တည်း မွေးထုတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ တစ် နိုင်ငံလုံးတွင်ရှိသော ပညာရေးကောလိပ် ၂၃ကျောင်းကို ဒီဂရီကောလိပ် အဆင့်သို့ တိုးမြှင့်ဖွင့်လှစ် ခွင့်ပြုခဲ့ပြီး ဖြစ်ရာ လာမည့်ပညာသင်နှစ်တွင် သင်တန်းများစတင်ဖွင့်လှစ်နိုင်ရေး ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆင့်တိုးမြင့် သွားပြီဖြစ်သည့်အတွက် သင်တန်းသားအရေအတွက်၊ သင် တန်းအမျိုးအစားများကိုလည်း ထပ်မံ တိုးမြှင့်ဖွင့်လှစ်နိုင်ရေးကိုလည်း ရေး ဆွဲတင်ပြထားကြောင်း ဆရာအတတ် ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။

"ကောလိပ်ကနေ ဒီဂရီကော လိပ်အဆင့်ထိ တိုးမြှင့်လိုက်ပြီဆို တော့ လာမယ့်နှစ်မှာ ဘွဲ့ပေးနိုင်ရေး အတွက် ကျွန်တော်တို့အခုကတည်း
က ပြင်ဆင်နေပါပြီ။ သက်ဆိုင်ရာ က ၂၀၁၇ခုနှစ် ဒီဇင်ဘာမှာ စဖွင့် တော့ဆိုရင် အားလုံးမဟုတ်တောင် လည်နိုင်ပတ်နိုင်တဲ့ အနေအထားရ အောင် လုပ်နေပါတယ်။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးမှ ကော လိပ်တွေကနေ မူပြရော၊ လယ်ပြရော
မွေးထုတ်ဖို့အတွက် ရည်မှန်းထားပါ တယ်"ဟု ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်
ဒေါက်တာအောင် အောင်မင်းက ဒီဇင်ဘာ ၂၇ရက် က ပြောကြားသည်။

ပညာရေးကောလိပ်များကို ဒီဂရီအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပြီဖြစ် သည့်အတွက် လာမည့်တက္ကသိုလ် ၀င်ခွင့်လျှောက်ထားသည့် အချိန်တွင် ကျောင်းသား၊ ကျောင်းသူများသည် ပညာရေးကောလိပ်များသို့ လျှောက် ထားမည်ဆိုပါက ပညာရေးကောလိပ် များမှ သီးခြားကြေညာ
သည့်အချိန်ထိ စောင့်ဆိုင်းရန်မလိုတော့ဘဲ တက္က သိုလ် ၀င်ခွင့်လမ်းညွှန်တွင် ကြည့်ရှု ပြီး လျှောက်ထားနိုင် မည်ဖြစ်ကြောင်း သိရသည်။

"နောက်နှစ်ကိုတော့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှာထည့်ပြီးခေါ်နိုင်ဖို့အတွက်ကိုတော့ ရည်မှန်းထားတယ်"ဟု ဒေါက်တာအောင်
အောင်မင်းက ဆက်လက်ပြောသည်။လာမည့်နှစ်တွင် ပညာရေးကောလိပ်များတွင် သင်တန်းသား၊ သင်တန်းသူလက်ခံရာတွင်
လည်း တိုးမြှင့်လက်ခံနိုင်ရေး၊ ကောလိပ် များတွင် အလယ်တန်းပြနှင့် မူလ တန်းပြနှစ်မျိုးစလုံး မွေးထုတ်နိုင်ရေး အစီအစဉ်များကိုတင်ပြထားကြောင်း သိရသည်။တစ်နိုင်ငံလုံးရှိ ပညာရေးကော လိပ် ၂၃ခုတွင်ယခုနှစ်တက္ကသိုလ် ၀င်တန်းအောင်မြင်သူ ၆၀၀၀ ခန့်ကို ၀င်ခွင့်ပေးခဲ့ကြောင်း၊ ဒုတိယနှစ် သင်တန်းတွင်လည်း ကျောင်းသား၊ ကျောင်းသူ ၅၀၀၀ ကျော်ရှိနေကြောင်း သိရသည်။

ATK

Democracy Today (29.12.2016)

Powered by Bullraider.com