တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းကျောင်းများတွင် မြန်မာစာကို စနစ်တကျသင်ကြားကြရန် သီတဂူဆရာတော်ကြီးမိန့်ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မြန်မာဝါကျ တည်ဆောက်ပုံများ အမှားမှားအ ယွင်းယွင်းဖြစ်နေခြင်းကြောင့် ရန်ကုန် တက္ကသိုလ်မှအစပြုကာ ကောလိပ်၊ အထက်တန်းကျောင်း
များတွင် မြန်မာ စာကို စနစ်တကျသင်ကြားကြရန် အလွန်လိုအပ်နေ
ပြီဖြစ်ကြောင်း သီတ ဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ၊ သီတဂူဆရာတော်ကြီးဒေါက်တာ အရှင်ဥာဏိဿရက အလေးအနက် မိန့်ကြားလိုက်သည်။

ဒီဇင်ဘာ ၂၈ ရက်က ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပပြု လုပ်သည့် ကစ္စာယနပါဠိ သဒ္ဒါ(အင်္ဂ လိပ်မြန်မာပြန်)စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား
တွင် သီတဂူဆရာတော် ကြီးက ယင်းသို့မိန့်ကြားလိုက်ခြင်း ဖြစ်သည်။

""မြန်မာသဒ္ဒါမှာ စည်းကမ်းတွေ ရှိပေမယ့် ဒီကနေ့သင်လည်း မသင် ကြတော့ဘူး။ တတ်လည်း မတတ်ကြ တော့ဘူး။ မြန်မာဝါကျ
တည်ဆောက် ပုံတွေ အကုန်လုံးအမှားမှားအယွင်း ယွင်းဖြစ်နေပြီ။ အဲဒီတော့သဒ္ဒါဆို တာစာပေရဲ့စည်းကမ်းဖြစ်တယ်။ စာ ပေကို
စည်းနဲ့ကမ်းနဲ့စနစ်တကျရေး ကြဖို့၊ ဖတ်ကြဖို့၊ ပြောကြဖို့ ဒီကနေ့ ဘုန်းကြီးက အလေးအနက်တိုက်တွန်း ချင်တယ်""ဟု ဆရာတော်ကြီးက မိန့်သည်။

ဝါကျများကို စနစ်တကျသီ ကုံးတတ်ဖို့နှင့်ဝါကျများကို စနစ်တ ကျ ဘာသာပြန်တတ်ဖို့အတွက် သဒ္ဒါ ကျမ်းသည်အလွန်အရေး
ပါကြောင်း၊ သဒ္ဒါကျမ်းများသည် စာပေ၏ စည်း ကမ်းများဖြစ်ကြောင်း၊ သဒ္ဒါမသင်ဘဲ နှင့် စာပေသင်ပါက စည်းကမ်းမပါ သည့် စာပေသင်တာမျိုးဖြစ်သွားနိုင် ကြောင်း ဆရာတော်ကြီးက မိန့်ကြား လိုက်သည်။ဆက်လက်၍ ""ဥပမာလေးတစ် ခုပြောချင်တယ်။
အမျိုးသမီးကလေးတစ်ယောက် မြန်မာစာဌာနမှာအလုပ် လျှောက်တယ်။ မြန်မာစာဌာနဆရာ ကြီးတွေက အင်တာဗျူးလုပ်တယ်။မေးတဲ့အထဲကတစ်
ခုဖြစ်တဲ့ မြန်မာစာ ဌာနကိုလျှောက်တယ်ဆိုလို့ရှိရင် နင့် မှာအိမ်ထောင်ရှိ
သလားလို့မေးတယ်။ မရှိပါဘူးလို့ဖြေတယ်။ အိမ်ထောင် မရှိတဲ့အမျိုးသမီးကို ဘာခေါ်လဲဆို တော့ မုဆိုးမခေါ်ပါတယ်။

မုဆိုးမ ဆိုတဲ့စာလုံးကို ရေးပြစမ်းဆိုတော့ "မ" တစ်ချောင်းငင်
"တ၀မ်းပူ"သတ်နဲ့ ရေးလိုက်တယ်။ အဲဒါဟာ မြန်မာ စာဌာနမှာ အလုပ်လျှောက်မယ့်သူ တစ်ယောက်ရေးနေတာ။ အသံကို စာထဲမှာရေးထည့်တာ ခပ်များများ ပဲ။ အဲဒါနဲ့နောက်တစ်ယောက်ကို လည်း မုဆိုးရဲ့အဓိပ္ပာယ်ကိုမေးတော့ တောထဲမှာသွားပြီးတော့ သားကောင် တွေကိုပစ်ခတ်သတ်ဖြတ်နေတဲ့သူ ကိုမုဆိုးလို့ခေါ်ပါတယ်။ ဒါဆိုရင် တော့ သူအဆင်ပြေပြီးအမှတ်ရသွား ပြီ။ မုဆိုးမကောသိရဲ့လားဆိုတော့ သိတယ်တဲ့။

မိန်းမကြီးမုဆိုးလုပ်နေ တာတဲ့။ မြန်မာစာမှာလည်း သဒ္ဒါရှိ ပြီး အသံထွက်တိုင်း စာမှာမရေးရ ဘူး။ စာမှာရေးတဲ့အတိုင်းလည်း အ သံထွက်မဖတ်ကြဘူး။ စာရေးတဲ့အ တိုင်း အသံထွက်ဖတ်တာလည်းရှိ သလိုပဲ၊ ရေးတဲ့အတိုင်းမဖတ်တာ လည်းရှိတယ်။ မရေးတဲ့အတိုင်း ဖတ် တာလည်းရှိတယ်။ ဒီကနေ့ ရန်ကုန် တက္ကသိုလ်ကစပြီးတော့ ကောလိပ် တွေ၊ အထက်တန်းကျောင်းတွေမှာ မြန်မာစာကို စနစ်တကျသင်ဖို့သိပ် လိုနေပြီဆိုတာကို အဲဒီအမေးနဲ့အ ဖြေတွေကပြောနေပါတယ်""ဟု ဆရာ တော်ကြီးက မိန့်ကြားခဲ့သည်။

MMA

Democracy Today (29.12.2016)

Powered by Bullraider.com