မုံးကိုးမြို့တွင် တိုက်ပွဲများကြောင့် ကျောင်းအချို့ပျက်စီးသွား၍ ကျောင်းသားများ စည်ပင်ပိုင်အဆောက်အအုံများ၌ စာသင်နေရ

No automatic alt text available.

မူဆယ်၊ ဇန်န၀ါရီ ၂

ရှမ်းပြည် နယ်(မြောက်ပိုင်း)မုံးကိုးမြို့ပေါ်တွင် ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ အစိုးရဌာနဆိုင် ရာ အဆောက်အအုံများနှင့်လူနေ အိမ်ခြေများစွာ ပျက်စီးခဲ့ရကြောင်း သိရသည်။နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်များတွင် မုံးကိုးမြို့တွင်းသို့ လက် နက်ကြီး၊ လက်နက်ငယ်များ ကျရောက်ပေါက်ကွဲထိမှန်မှုကြောင့် မုံးကိုးထေရ ၀ါဒသာသနာပြု(ဗဟို)ကျောင်းမုံး ကိုးမြို့ အခြေခံပညာအထက်တန်း ကျောင်းတို့မှာ ထိခိုက်မှုအများဆုံး တွင် ပါဝင်ခဲ့သည်။

"ဘုန်းကြီးကျောင်း၊ သိမ်ကျောင်း၊ နာယကကျောင်းဆောင်၊စာသင်ကျောင်းဆောင်တွေပျက်စီးခဲ့ရပြီး အခုအချိန်မှာ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။ စစ်ပွဲကြောင့်အိုး အိမ်ပျက်စီးသွားတဲ့ အိမ်ထောင်စုလေးဆယ်ကျော်ကိုလည်း ဘုန်းကြီး ကျောင်းမှာ ကူညီထားရတယ်။ အ ခုတောင် ရာသီဥတုဆိုးရွားနေတာ ကြောင့် နေထိုင်ဖို့ အခက်အခဲများ စွာဖြစ်ပေါ်နေတယ်" ဟု မုံးကိုးထေရ ၀ါဒသာသနာပြု(ဗဟို)ကျောင်း
ဆရာ တော်ဘဒ္ဒန္တအရိယာဝံသမှ မိန့်ကြား သည်။

"ကျွန်တော်တို့ကိုယ်တိုင် ဒီဇင် ဘာ ၃၀ ရက်က သွားရောက်စစ်ဆေး ခဲ့ပြီး အင်ဂျင်နီယာပညာရှင်တွေရဲ့ တွက်ချက်မှုတွေကို ရှမ်းပြည်နယ်အ စိုးရနဲ့ယဉ်ကျေးမှုနှင့်သာသနာရေး ၀န်ကြီးဌာနတို့ကို တင်ပြထားပါတယ်။ ပြင်ပအလှူရှင်တွေနဲ့လည်း ချိတ် ဆက်ဆောင်ရွက်ပေးထား
ပါတယ်"" ဟု မူဆယ်ခရိုင် ယဉ်ကျေးမှုနှင့်သာ သနာရေးဝန်ကြီးဌာန ခရိုင်မှူးဦးနိုင် မောင်မောင်စိုးက ဒီဇင်ဘာ ၃၁ ရက် တွင် ပြောကြားသည်။

""တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေကို မူ ဆယ်မြို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှာ စခန်းသွင်း ပြီး ဆောင်ရွက်ပေးနေပါတယ်။ ဒီဇင် ဘာကျောင်းပိတ်ရက်များမှာ မုံးကိုး မြို့ကဆရာ၊ ဆရာမတွေနဲ့ ကျောင်း သား၊ ကျောင်းသူ ၄၀၀ ကျော်ကို စာသင်ပေးနေပါတယ်""ဟု မူဆယ် ခရိုင် ပညာရေးမှူးဦးအောင်မြင့်က ပြောကြားသည်။

မုံးကိုးမြို့တွင် အခြေခံပညာ အထက်တန်းကျောင်းလေးကျောင်း ရှိပြီး အထကမုံးကိုးမှာ စစ်ဒဏ် ကြောင့် ၉၀ ရာခိုင်နှုန်းပျက်စီးခဲ့ပြီး
ကျောင်းသား၊ ကျောင်းသူများအား စည်ပင်သာယာရေးပိုင်အဆောက်အ အုံများတွင် စာသင်ကြားပေးနေရ ကြောင်း သိရသည်။

PS

Democracy Today (3.1.2017)

Powered by Bullraider.com