ကချင်ပြည်နယ်တွင်အသတ်ခံခဲ့ရသော ကျောင်းဆရာဦးအောင်ဇင်ထွန်းအတွက် ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့များတွင် ဆရာ၊ ဆရာမများတစ်ပြိုင်နက် တည်း ဆန္ဒပြ

ရန်ကုန်၊ ဇန်န၀ါရီ ၂၂- ကချင်ပြည် နယ်တွင်အသတ်ခံခဲ့ရသော ကျောင်း ဆရာဦးအောင်ဇင်ထွန်းအတွက် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မုံရွာမြို့ များတွင် ဆရာ၊ ဆရာမများက တစ် ပြိုင်တည်းဆန္ဒထုတ်ဖော်ပွဲများ တစ် ပြိုင်နက်တည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီ ၁၈ရက်တွင် ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ် ကျေးရွာအမကမူလွန်ကျောင်းတွင် တာဝန် ထမ်းဆောင်နေသော အလယ် တန်းပြ ဆရာဦးအောင်ဇင်ထွန်းကို အမည်မသိလက်နက် ကိုင်များ က သေနတ်ဖြင့်နားထင်ကို ပစ်သတ်ခဲ့ မှုဖြစ်ပွားခဲ့ရာ ယင်းကိစ္စနှင့် ပတ် သက်ပြီး တရားမျှတစွာအမှု အမှန် ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူ များကိုသက်ဆိုင်ရာမှအမြန်ဆုံးဖော် ထုတ်နိုင်ရေး၊ ပြစ်မှုကျူးလွန်သူများ ကိုမှန်ကန်သောပြစ်ဒဏ်ချမှတ် နိုင်ရေး တို့အတွက် မြန် မာနိုင်ငံ လုံး ဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ် မှဦးဆောင်ပြီး အခြေခံပညာ၊ အ ဆင့်မြင့်ပညာနှင့်ပုဂ္ဂလိက မှဆရာ၊ ဆရာမများ ကဆန္ဒထုတ်ဖော်ပွဲများ ကိုမြို့ကြီးသုံးမြို့တွင် တစ်ပြိုင်နက် တည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

" ကျွန်တော်တို့ဆန္ဒထုတ်ဖော် ပွဲမှာပါတဲ့ဆိုင်းဘုတ်တွေမှာလည်း ပါပါတယ်။ စစ်ဘေးသင့်နေတဲ့ဒေ သတွေ၊ လူမျိုးရေး ဘာသာရေး အ ဓိကရုဏ်းဖြစ်နေတဲ့ဒေသတွေမှာ၊ တောနယ်တွေမှာတာဝန်ထမ်းဆောင် နေတဲ့ဆရာ၊ ဆရာမတွေလုံခြုံမှုမ ရှိဘူး ဆိုတာကိုရှေ့မှာလည်း သာဓ ကတွေရှိ တယ်။ ဒါတွေကိုမီးမောင်း ထိုးပြချင်တယ်။ ဆရာဦးအောင် ဇင်ထွန်းဖြစ်တဲ့ ကိစ္စ ကို ပညာရေး ဌာနကနေ ၀မ်းနည်းကြောင်း ဖြစ်ဖြစ်ပြော သင့်တယ်။ ဒါပေမဲ့ အ ခုထိဘာမှထွက်မလာသေးဘူး။ အဲ ဒီအပေါ်ကိုလည်း လျစ်လျူရှု တယ် လို့ ခံစားရတယ်။ ဘယ်အဖွဲ့အစည်း ကလုပ်လုပ် ဆရာ၊ ဆရာမတွေဆို တာလက်နက်ကိုင်တဲ့သူတွေမဟုတ် ဘူး။ ဒီအတွက်လည်း ရှုတ်ချတယ် " ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဆန္ဒ ပြပွဲကိုလာရောက်ပူးပေါင်းခဲ့သော မူလတန်းပြဆရာဦးမြတ်သီဟထွန်း ကပြောသည်။

ဆန္ဒထုတ်ဖော်ပွဲများကို ရန် ကုန်မြို့တွင် မဟာဗန္ဓုလပန်းခြံ၊ မုံ ရွာမြို့နှင့် မန္တလေးရှိ မဟာအောင် မြေမြို့တို့တွင် ယခုလ ၂၂ရက် က တစ် ပြိုင်နက်ပြု လုပ်ခဲ့ကြပြီး ရန်ကုန်တိုင်း ဒေသကြီးတွင်အင်အား ၅၀ ကျော်၊ မန္တလေးတိုင်းဒေသ ကြီးတွင် အင် အား ၁၀၀ ကျော် ၊ မုံရွာမြို့တွင်အင် အား ၅၀ ကျော်တို့ဖြင့် ဆန္ဒထုတ် ဖော်မှုများပြုလုပ်ခဲ့ကြောင်း၊ ယင်း ဆန္ဒထုတ်ဖော် ပွဲ များကို တရားဝင် တင်ပြမှုများပြုလုပ်ပြီးလုပ်ဆောင် ခဲ့ကြောင်း မြန်မာနိုင်ငံ လုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ သိ ရသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့ သောမြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ ဒေါက်တာ အာကာမိုးသူ က" ဒီလိုမျိုးအကြမ်းဖက် တဲ့လုပ်ရပ်တွေ ကို လုံးဝပြစ်တင် တယ်။ လုံးဝရှုတ်ချတယ်။ ရပ်ဝေးမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမ တွေရဲ့အသက်အာမခံချက်ပေးနိုင် တဲ့လုံခြုံမှုတွေမရှိသေးတဲ့ ကာလ ပတ်လုံးကျွန်တော်တို့အမြဲ တမ်းခြိမ်း ခြောက်ခံနေရ မှာပဲ။ တရားခံ ကတော့ ပညာရေးနိမ့်ကျမှုလို့မြင်ပါတယ် " ဟု ပြောကြားခဲ့သည်။

ရန်ကုန်တွင်ပြုလုပ်သော ဆန္ဒ ထုတ်ဖော်ပွဲတွင် ဆရာအောင်ဇင် ထွန်းကို သတ်ဖြတ် သူများအား အ မြန်ဆုံးဖော်ထုတ်ပေး၊ အကြမ်းဖက် လက်နက်ကိုင် လမ်းစဉ်အလိုမရှိ၊ ဆရာ၊ ဆရာမများရဲ့ဘ၀လုံခြုံရေး ဖန်တီးပေး၊ ဆရာ၊ ဆရာမဆိုတာ ငြိမ်းချမ်းရေးရဲ့သံတမန်ဆို သည့် ကြွေး ကြော်သံများ ကိုကြွေး ကြော်ခဲ့သည့် အပြင် ဆရာအောင်ဇင်ထွန်းအ တွက်ရည်စူးသော ကဗျာ များကို လည်းဖတ်ကြားခဲ့ပြီး ငြိမ်းချမ်းစွာစု ဝေးခဲ့ကြောင်း သိရသည်။

ATK

Democracy Today (23.1.2017)

Powered by Bullraider.com