ပညာရေးနဲ့ လုပ်ငန်းခွင်နယ်ပယ် အချိတ်အဆက်

Image may contain: 3 people, text

ကျောင်းပြီးလို့ ဘွဲ့ရပြီးတဲ့သူတွေ၊ အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်ထားပြီးသူတွေ လုပ်ငန်းခွင်ထဲ ၀င်ရောက်ကြတဲ့အခါမှာ ကိုယ်တတ်ကျွမ်းထားတဲ့ပညာနဲ့ ကိုယ်လုပ်ရတဲ့အလုပ်အကိုင် အချိတ်အဆက်မမိဘဲ ရင်ဆိုင်ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ “ပညာရေးနဲ့ လုပ်ငန်းခွင်နယ်ပယ် အချိတ်အဆက်” ခေါင်းစဉ်နဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်သုံးဦးကို ဖိတ်ခေါ်ပြီး The Voice Daily သတင်းစာက ပထမဦးဆုံးအကြိမ် စီစဉ်ပြုလုပ်မယ့် စကားဝိုင်းဆွေးနွေးပွဲ တစ်ရပ်ကို လာမယ့် ဇန်န၀ါရီလ ၂၉ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၂ နာရီကနေ ၅ နာရီအထိ ဗဟန်းမြို့နယ် ဆရာစံလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်ထောင့်က Co-operative Business Center ခန်းမမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ The Voice Weekly/ Daily ပင်တိုင်ဆောင်းပါးရှင်နဲ့ စီမံခန့်ခွဲမှုပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ဦးဆောင်ညှိနှိုင်းဆွေးနွေးသူ (Moderator) အဖြစ်ဆောင်ရွက်ပြီး လုပ်ငန်းခွင်နယ်ပယ်ဘက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနဲ့ ပညာရပ်နယ်ပယ်ဘက်က Myanmar Information Technology Pte. Ltd. (MIT) အမှုဆောင်အရာရှိချုပ် ဒေါက်တာထွန်းသူရသက်တို့က အပြန်အလှန် ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ အဲဒီစကားဝိုင်း ဆွေးနွေးပွဲကို တက္ကသိုလ်နဲ့ သင်တန်းအသီးသီးက သင်တန်းသားတွေ၊ လုပ်ငန်းခွင်နဲ့ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေ၊ သတင်းမီဒီယာ အသီးသီးက မိတ်ဆွေတွေနဲ့ အခြားစိတ်ဝင်စားကြသူ ဘယ်သူမဆို အခမဲ့တက်ရောက် ပါဝင်ဆွေးနွေးနိုင်ကြကြောင်း လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။

Powered by Bullraider.com