၈၈ မျိုးဆက်များနှင့် ကျောင်းသားထုတစ်ရပ်လုံးပါဝင်သည့် နိုင်ငံရေး ပါတီထူထောင်မည်

http://2.bp.blogspot.com/-jeKgh-RGo1k/TbOhIFaUoyI/AAAAAAAABOc/2xNWeQwexLk/s400/naing.gif

ရန်ကုန်၊ ဇန်န၀ါရီ ၃၁

၈၈ ကျောင်းသားမျိုးဆက်နှင့် ကျောင်း သားထုတစ်ရပ်လုံးပါဝင်သည့်နိုင်ငံ ရေးပါတီထူထောင်မည်ဖြစ်ကြောင်း ၈၈ ကျောင်းသားမျိုး
ဆက်မှသိရသည်။

နိုင်ငံရေးပါတီထူထောင်နိုင် ရန် ကျောင်းသားမျိုးဆက်များစုံညီ အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး ယင်း အစည်း
အဝေးဖြစ်မြောက်ရေးအကြို ညှိနှိုင်းအစည်းအဝေးကို ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲ ၃ နာရီတွင် ဗဟန်း မြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ၌ပြု လုပ်ခဲ့ကြောင်း သိရသည်။

""ဒီနေ့ကတော့ညီလာခံဖြစ် မြောက်ရေးအတွက် ပြန်ကြားရေး ကော်မတီအနေနဲ့ ဒီနေ့သီးသန့် အစည်းအဝေးလုပ်တာပါ""ဟု ကိုမာကီက ပြောသည်။

၁၉၆၂ ခုနှစ်ကျောင်းသားမျိုး ဆက်မှစတင်ကာ ၂၀၁၇ ကျောင်း သားမျိုးဆက်အထိပါဝင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း နိုင်ငံရေး ပါတီတစ်ခုဖြစ်မြောက်ရေးတွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်နိုင်ရန် ၂၀၁၆ ဒီ ဇင်ဘာမှစတင်ကာ အစည်းအဝေး များပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသားမျိုးဆက်များနိုင်ငံရေးပါတီထူထောင်ခြင်းနှင့်ပတ် သက်ပြီး ကိုမာကီက ""ပြောရရင်တော့ နိုင်ငံရေးသမားမှ နိုင်ငံရေးလုပ်ရမယ် ဆိုတာမျိုး ထောင်ကျမှ နိုင်ကျဉ်းဖြစ် မှဆိုတာမျိုးကိုလည်း မဖြစ်စေချင် ဘူး။ ရှစ်လေးလုံးအရေးတော်ပုံမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ရဲဘော်ရဲဘက် သူငယ်ချင်းတွေက စတင်ဖွဲ့စည်း ထားတယ်။ ဒါပေမဲ့ ကျောင်းသားမျိုး ဆက်တွေအားလုံးနဲ့ ကျောင်းသား တွေတင်မဟုတ်ဘဲ နိုင်ငံရေးကိုစိတ် ၀င်စားသူမှန်သမျှပါဝင်နိုင်အောင် ကြိုးစားသွားမှာပါ""ဟု ဇန်န၀ါရီ ၃၁ ရက်တွင် ပြောသည်။

ဆပ်ကော်မတီအစည်းအဝေး မှရလဒ်များကို စုံညီအစည်းအဝေးတွင် တင်ပြဆွေးနွေးကြမည်ဖြစ်သည်။ယင်းနှင့်ပတ်သက်ပြီး ကိုမာကီ
က ""ရှစ်လေးလုံးအရေးတော်ပုံမှာ တက်ကြွကပါဝင်ကြတဲ့ သူကနေပြီး တော့ အခြေခံလုပ်ခဲ့ပါတယ်။ ဒါ ပေမဲ့ ၈၈ တင်မဟုတ်ဘဲ ၆၂ ကျောင်း သားဟောင်းတွေ ၇၄ ကျောင်းသား တွေကစပြီး ဒီ ၂၀၁၇ ကျောင်းသား မျိုးဆက်အထိ အားလုံးပါဝင်နိုင် အောင်ကြိုးစား
သွားမယ်""ဟု ပြော သည်။

စုံညီအစည်းအဝေးကို ဖေဖော် ၀ါရီ ၃ ရက်တွင်ပြုလုပ်မည်ဖြစ်သော် လည်း နေရာနှင့်အချိန်ကို သေချာ မပြောနိုင်သေးကြောင်း ၎င်းက ပြောသည်။

AL

Democracy Today (1.2.2017)

Powered by Bullraider.com