ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် အာရှမှလာရောက်သင်ယူလေ့လာသူဦးရေ တစ်ရာခန့်ရှိ

Category: မြန်မာ့ပညာရေးသတင်း
Published on Wednesday, 05 August 2015 01:23
Written by အမ်တီဇက်

http://burma.irrawaddy.org/wp-content/uploads/2013/12/Uni1.jpg

မြန်မာစာဘာသာရပ်ကို ပြည်ပမှစိတ်ဝင်စားသူမြင့်တက်လျက်ရှိပြီး ယခုလက်ရှိ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် အာရှမှလာရောက်သင်ယူလေ့လာသူဦးရေတစ်ရာခန့်ရှိနေကြောင်း သိရသည်။

ယခင်က ရန်ကုန်တက္ကသိုလ်တွင် ပြည်ပနိုင်ငံသားများကို တက်ရောက်ခွင့်မပြုဘဲ ယခုနောက်ပိုင်းကာ လတွင် ပွင့်လင်းလာသည့်အတွက် ယင်းကဲ့သို့ စိတ်ဝင်တစားတက်ရောက်သူ များပြားလာခြင်းဖြစ် ကြောင်း ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဦးအောင်မြင့်ဦးက ပြောသည်။

“အရင်က ပြည်ပနိုင်ငံတွေက တက်ရောက်ခွင့်မရှိခဲ့ဘူး။ အခုကျတော့ ပွင့်လင်းသွားပြီ။ နိုင်ငံတော်က တံခါးဖွင့်လိုက်တဲ့အတွက် လွတ်လွတ်လပ်လပ်သင်ယူလေ့လာနိုင်တယ်။ အဓိကမြန်မာနိုင်ငံနဲ့ ပတ် သက်ပြီး မြန်မာစာပေကို သူတို့စိတ်ဝင်စားလို့လာရောက်သင်ယူ လေ့လာကြတာပေါ့” ဟု ယင်းက ဆက်လက်ပြောသည်။

မြန်မာစာဌာနတွင် ကျောင်းအဆောင်နေ၍ တက်ရောက်သူများလည်းရှိကာ အာရှမှ ကျောင်းသား၊ ကျောင်းသူများအများဆုံး လာရောက်လေ့လာလျက်ရှိပြီး မြန်မာစာပေကို စိတ်ဝင်စားသည့် ပြည်ပမှ ကျောင်းသား၊ ကျောင်းသူများမှာ အချိန်ပြည့်အတန်းတက်ရောက်လေ့လာသူ ၆၀ ဦးခန့်ရှိပြီး အချိန်ပိုင်း တက်ရောက်လေ့လာသူ ၄၀ ဦးခန့်ရှိနေကြောင်း သိရသည်။

“အဓိကကတော့ အာရှနိုင်ငံတွေမှာဆိုရင် ထိုင်းတို့၊ တရုတ်တို့၊ ဗီယက်နမ်တို့က ကျောင်းသား၊ ကျောင်းသူတွေကတော့ အများဆုံးပဲ။ ကျောင်းထဲမှာအဆောင်နေပြီး တက်နေတဲ့သူတွေလဲရှိတယ်။ အခုလို ကိုယ့်မြန်မာစာကို စိတ်ဝင်တစားလာပြီး သင်ယူလေ့လာတယ်ဆိုတော့ ဂုဏ်ယူတာပေါ့” ဟု ယင်းကထပ်မံပြောသည်။ျ

ရန်ကုန်တက္ကသိုလ်သို့ ပြည်တွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်တန်းအောင် မှတ်ဖြင့် ဝင်ခွင့်လျှောက်ထားတက်ရောက်နိုင်ရန် ပြန်လည်ခွင့်ပြုပေးခဲ့ပြီး ကျောင်းတွင်းအဆောင်နေ ကျောင်းသား၊ ကျောင်းသူများရှိကာ ပြည်ပမှလည်း အဆောင်နေ၍ လာရောက်လေ့လာသူများရှိ ကြောင်း သိရသည်။

Democracy Today Daily

ဇူလိုင်လ (၂၆) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com