သင်ပုန်းကြီးဖတ်စာသစ် (တ တရုတ်ကြီး ဂုတ်ခွစီး)..

chinaက ကချင်ပြည် ချင်းချင်းနီ
ခ ခနောက်စိမ်း ၀’ တို့သိမ်း
ဂ ဂရန်မြေ ပြန်ပေးလေ
င ငရဲချိုး ကပ်မယ်မျိုး
စ စခန်းသာ သွေးစီးဖြာ

ဆ ဆရာမ ကျူရှင်ပြ
ဇ ဇရပ်ပုဒ် တို့ရွာလုပ်
ည ညနေခင်း ဗုံးတက်နင်း
တ တရုတ်ကြီး ဂုတ်ခွစီး
ထ ထမင်းရည် လုသောက်နေ
ဒ ဒညင်းသီး ခြောက်စိတ်လှီး
ဓ ဓနရှင် ထိပ်ဆုံးတွင်
န နဖားကြိုး တို့ကိုထိုး
ပ ပထွေးကို ဆီးလို့ကြို
ဖ ဖအေကျ မျက်လွှဲကျ
ဗ ဗလာကျင်း ဆန်အိုးတွင်း
ဘ ဘ၀ဆိုး ကျွတ်နိုးနိုး
မ မကွေးတိုင်း အကြွေးဝိုင်း
ယ ယတိပြတ် မပြောတတ်
ရ ရခိုင်ပြည် အကြမ်းဖက်မည်
လ လစာနှုန်း ဘယ်လိုသုံး
ဝ ၀ရမ်းပြေး တသားမွေး
သ သဝေထိုး ရှေ့မတိုး
ဟ ဟ ဟာဟ ငိုလိုက်ရ
အ အမိမြေ တို့တိုင်းပြည်
ငါတို့ ………………….
…………….. ချစ်တဲ့ …မြေ ……………………
(အ အဖေရေ တို့တိုင်းပြည် သင် ထကြည့်လှည့်လေ …….)။

သူဝေး

Powered by Bullraider.com