ဝ တစ်လုံး ကစားနည်း

images3

သူငယ်တန်းကလေးတွေအတွက် ၀ိုင်းစက်တဲ့ မြန်မာအက္ခရာလေးတွေကို သင်ကြားပေးတဲ့အခါ အခြေခံအကျဆုံး ဖြစ်တဲ့ ၀လုံးလေးကနေ စပြီး သင်ပေးလေ့ရှိတာ လူတိုင်းသိကြပါတယ်။
"၀-၀ ကလေးဝိုင်းဝိုင်းရေး" ဆိုတဲ့ သာယာဘွယ် ကဗျာလေးတွေနဲ့ ကလေးတွေကိုဆွဲဆောင်ပြီး ၀လုံးလေးတွေကိုအရေးကျင့်ခိုင်းလေ့ရှိပါတယ်။ ဒါပေမဲ့ သူငယ်တန်းအောက်ဆင့် ကလေးတွေရဲ့
အာရုံစူးစိုက်မှုဟာ မိနစ် ၂၀ ထက် မပိုတဲ့အတွက် တခါတရံ သူတို့ရဲ့စာအုပ် (ကျောက်သင်ပုန်း)တွေ ပေါ်သစ်ပင်လေးဆွဲပေးပြီး ဇီးသီးလေးတွေ ဆွဲခိုင်းရင်း အရောင်ခြယ်စေရင်တော့ ပျော်ရွှင်စွာနဲ့ အာရုံပိုစိုက်လာကြတာ တွေ့နိုင်ပါတယ်။
ဒီနေ့တော့ သူငယ်တန်းကလေးတွေအတွက် ကစားနည်းလေးတခု ဖန်တီးကြရအောင်။ ဒီကစားနည်းလေးကတော့ "လေးပိုင်းဆက်ဝလုံးကိရိယာ" ကိုသုံးပြီး ပညာရေးဝန်ကြီးဌာနက သူငယ်တန်းကလေးများအတွက်ရေးသားထားတဲ့ "၀တစ်လုံး ကစားနည်း " ကို အခြေခံထားတာပါ။ ၀လုံးအဆင့်ကိုကျော်ပြီး ဆင်တူရိုးမှား အက္ခရာလေးတွေ သင်ပြီဆိုရင် ဒီနည်းလေးက အသုံးဝင်ပါတယ်။
ပ..င..ဂ..၁ ဆိုတဲ့ ဂဏန်း ၁ အပါအ၀င် အက္ခရာ ၄ လုံးဟာ စာသင်ကာစ ကလေးငယ်လေးတွေ အတွက်ရောထွေးပြီး အလွန်မှားလေ့ရှိတဲ့ စာလုံးလေးတွေပါ။ သည် အက္ခရာလေးလုံး ကို သူတို့စိတ်ထဲမှာ မမှားအောင် စွဲမှတ်သွားစေနိုင်တဲ့ ပျော်ရွှင်စရာ ကစားနည်းလေးပါ။
ကိုယ့်ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်သော ပစ္စည်းလေးများနှင့် ဖန်တီးနိင်ပါတယ်။
ခုတော့ အိမ်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ၀ယ်ရင်ပါလာတဲ့ ဖော့တုံးအဖြူတွေ ရှိနေပါတယ်။
အဲဒီဖော့တုံးအဖြူ တွေကို အောက်မှာပြထားတဲ့ ပုံထဲကလို အပိုင်းလေးပိုင်းရအောင် သပ်သပ်ရပ်ရပ်
ပိုင်းကြတာပေါ့။

circle

ကိုယ်တိုင်ဖန်တီးခြင်း
အရွယ်အစားကိုတော့ ကိုယ့်မှာရှိတဲ့ ဖော့တုံးနဲ့လဲ ကိုက်ညီ၊ ကလေးများ ထင်ထင်ရှားရှားမြင်နိုင်တဲ့ အရွယ်မျိုး
ဖြစ်အောင် သတင်းစာ(သို့မဟုတ်) စက္ကူကြမ်းတခုပေါ်မှာ အရင်နေရာချပြီး မိမိလိုချင်တဲ့ အနေအထား
စက်ဝိုင်း တစ်ခုကို ခပ်ကြီးကြီးလေးဝိုင်းပါတယ်။ ပုံမှာပြထားတဲ့ အနေအထား အပိုင်း၎ပိုင်းကို စက္ကူပေါ်မှာ
အရင်ကိုက်ပြီးမှ အဲဒီစက္ကူပိုင်းလေးတွေနဲ့ အတိုင်းအရာပေးပြီး ဖော့တုံးကို ပိုင်းယူလိုက်ပါ။
( ဓားထက်ထက်လေးနဲ့ ဖြတ်ရင် အဆင်ပြေပါတယ် ။ ဓားတုန်းနေခဲ့ရင်တော့ ဖော့တုံးလေးတွေ ဖွာထွက်
သွားနိုင် ပါတယ်)
ဖော့တုံးလေးတွေလဲ ဖြတ်ပြီးပီ၊ သူတို့ကို ဆက်ကြည့်ရင်လဲ ၀ိုင်းဝိုင်းလေး ထွက်လာပြီ ဆိုရင်တော့ ဖော့တုံးလေး
တွေရဲ့ ကျောဘက်ခြမ်းမှာ double Tape လေးတွေကို အနေတော် ဖြတ်ကပ်ထားလိုက်ပါ။
ဘာကြောင့်လဲဆိုတော့ အဆင်ပြေတဲ့ နံရံတခု (သို့) သင်ပုန်းပေါ်မှာ ဖော့တုံးတွေ ကပ်ထားပြီးမှ ကလေးတွေ
ကိုယ်တိုင်လဲ ဒီဖော့တုံးတွေကို ကပ်လိုက်၊ ခွာလိုက် လုပ်ရင်း ဆော့ကြမှာမို့လို့ပါ။ ကဲ ကလေးများ ပိုပြီး
စိတ်ဝင်စားအောင် ရေခဲသေတ္တာထည့်တဲ့ စက္ကူပုန်းကြီးပါ ယူသွားကြမယ်။

 (စက္ကူပုံးကြီးကိုလည်း မိမိကြိုက်သလို ဥာဏ်ကွန့်မြူးပြီး ဆေးရောင်ခြယ်ပေးနိုင်ပါတယ်။)

 

ဇတ်လမ်းဆင်ကြမယ်

ကလေးတွေ ကို ၆ယောက် (မိမိအတန်းအနေအထားနှင့်ကိုက်ညီသလို) အုပ်စုလေးတွေဖွဲ့ပြီး အ၀ါ၊ အစိမ်း၊ အနီ နှစ်သက်ရာ အမည်လေးတွေပေးလိုက်ပါမယ်။

ဆရာက ဇတ်လမ်းလေး ဆင်ပေးပြီး ဒီဇတ်လမ်းမှာ ကလေးတွေကို ပါဝင်သရုပ်ဆောင်စေပါမယ်။ ကျမရဲ့ ဇတ်လမ်းကတော့….. တဘက်နံရံမှာ ကပ်ထားတဲ့ အ၀ိုင်းဟာ ချိန်ကိုက်ဗုံးတခုပေါ့။ သူ့ရဲ့ လက်တံတခုခုကို ဖြုတ်ပေးနိုင်မှ ချိန်ကိုက်ဗုံးဟာ မကွဲတော့ပဲ လူတွေရဲ့ အသက်တွေကို ကယ်နိုင်မယ်။ ကျောင်းသားတွေက ချိန်ကိုက်ဗုံးကို ဖြုတ်ပေးတဲ့သူရဲကောင်းတွေ။ ဆရာမကတော့ တချိန်လုံးဗုံးထောင်နေသူပေါ့။ ချိန်ကိုက်ဗုံးဆီကို သွားရာမှာ အခက်အခဲတခုဖြစ်တဲ့ ဥမင်လှိုဏ်ခေါင်းတစ်ခုကို ဖြတ်ကျော်ပြီးမှ ရောက်နိုင်မယ်။ ကဲ စကြရအောင်။

ပထမဆုံး အနီအဖွဲ့ () ဦးကနေ တန်းစီပြီး ပထမ တယောက်က စလို့ ရေခဲသေတ္တာပုံး စက္ကူလှိုဏ်ခေါင်းထဲကို ၀င်၊ တခြားတဘက်ကို ရောက်တော့ ဗုံးရဲ့လက်တံ(မိမိကြိုက်ရာ) တခုကိုဖြုတ်ယူလိုက်ပြီး ပေါ်လာတဲ့စာလုံးကို မှန်အောင် အော်ရမယ် သူအော်တာမှန်ရင် နောက်ကသူ့အဖွဲ့ကလဲ လိုက်အော်ရမယ် ကျန်အဖွဲ့တွေက လက်ခုပ်တီးပေးကြမယ်။ မှားအော်မိရင်တော့ဆရာကပြင်ပေးပေါ့။ တယောက်ပြီးတိုင်းဆရာက ဗုံးပြန်ထောင်ထားဖို့လဲ မမေ့ပါနဲ့

ကလေးငယ်တယောက်ဟာ ၀တလုံးကိရိယာရဲ့ အပေါ်တည့်တည့် အစိတ်အပိုင်းကို ဖြုတ်မိခဲ့ရင် သူကိုယ်တိုင်ကလို့အော်ရမှာဖြစ်သလို သူ့အဖွဲ့သားအားလုံးကလဲ ညီညီညာညာလို့အော်ရမှာဖြစ်ပါတယ်။

ဝတလုံးကိရိယာရဲ့ အောက်တည့်တည့် အစိတ်အပိုင်းကို ဖြုတ်မိခဲ့ရင် သူကိုယ်တိုင်ကလို့ အော်ရမှာ ဖြစ် သလို သူ့အဖွဲ့သားအားလုံးကလဲ ညီညီညာညာလို့အော်ရမှာဖြစ်ပါတယ်။

ဝတလုံးကိရိယာရဲ့ လက်ဝဲဘက် အစိတ်အပိုင်းကို ဖြုတ်မိခဲ့ရင် သူကိုယ်တိုင်ကလို့အော်ရမှာဖြစ်သလို သူ့အဖွဲ့သားအားလုံးကလဲ ညီညီညာညာလို့အော်ရမှာဖြစ်ပါတယ်။

ဝတလုံးကိရိယာရဲ့ လက်ယာဘက် အစိတ်အပိုင်းကို ဖြုတ်မိခဲ့ရင် သူကိုယ်တိုင်ကလို့အော်ရမှာဖြစ်သလို သူ့အဖွဲ့သားအားလုံးကလဲ ညီညီညာညာလို့အော်ရမှာဖြစ်ပါတယ်။

ရရှိနိုင်သောအကျိုးများ

  • ကစားရင်းစာသင်သွားတဲ့အတွက် ကလေးများ ပျော်ပျော်ပါးပါး လိုက်ပါဆောင်ရွက်ပြီး မှတ်မိနိုင်ခြင်း။
  • ဇတ်လမ်းဇတ်ကွက် သရုပ်ဆောင်မှုနှင့် ရင်းနှီးစေခြင်း။
  • အုပ်စုဖွဲ့ ဆောင်ရွက်တတ်ခြင်း။
  • ကိုယ်လက်လှုပ်ရှား လုပ်ဆောင်ခြင်းဖြင့် သွက်လက်ဖြတ်လတ်စေနိုင်ခြင်း စသည်ဖြင့် အကျိုးကျေးဇူး တွေ ရရှိနိုင် မှာဖြစ်ပါတယ်။

မှတ်ချက်။        ကစားနည်းကို မိမိ စိတ်ကူးရှိသလိုဖန်တီးနိုင်ပါသည်။ ကလေးများငြီးငွေ့မှု မရှိရန် ကစားချိန် ကို နာရီဝက်မျှ သတ်မှတ်သင့်ပါသည်။

 

Powered by Bullraider.com